MNP - ဧပြီ ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းကျေးရွာအုပ်စု၊ ချောင်းဂေါင်းကျေးရွာတွင် ဧပြီလ ၇ ရက်ကလေပြင်းတိုက်ခတ်မှုကြောင့်ဖြစ် ဖြစ်ပွားခဲ့သော တောင်ညိုလေးတောရ ဘုန်းတော်ကြီးကျောင်းအား ထောက်ပံ့ ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း ကို အဆိုပါကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ယင်းသို့ ထောက်ပံ့ပေးအပ်ခြင်းကို သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာနှင့် တာဝန်ရှိသူများက အုတ်ဖိုမြို့နယ်၊ တောင်ညိုလေးတောရ ဘုန်းကြီးကျောင်းရှိ ဝိဇ္ဇာဆောင်၊ သိုက်နန်းဆောင်၊ နားနေဆောင်၊ ရေသန့်စက်၊ ကားဂိုဒေါင်တို့ရှိ ပျက်စီးသွားသော အမိုးသွပ်(၂၆၉)ချပ်ကို အုတ်ဖိုမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့်တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ တောင်ညိုလေး ဘုန်းတော်ကြီးကျောင်း ဆရာတော်ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်း - သန့်ဇော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment