ရသေ့တောင်မြို့၌ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ် ဝင်တန်းစာမေးပွဲအား ပဉ္စမနေ့၌ ရူပဗေဒဘာသာရပ် ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ် ဝင်တန်းစာမေးပွဲအား ပဉ္စမနေ့၌ ရူပဗေဒဘာသာရပ် ဆက်လက်ဖြေဆို



MNP - မတ်    ၅

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်နေ့ နံနက်(၉)နာရီမှ စတင်၍ တစ်ပြိုင်နက်တည်းကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင်လည်း ကျောင်းသား၊ ကျောင်းသူများက ပဉ္စမနေ့  ရူပဗေဒဘာသာရပ်အား ဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့်အဖွဲ့ဝင်များ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများက နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။

ရသေ့တောင်မြို့နယ်တွင်ယနေ့ ပဉ္စမနေ့၌ရူပဗေဒဘာသာအား စာရင်းရှိ(၂၅၅၈)ဦး ရှိရာဖြေဆိုသူ(၂၂၈၇)ဦး ရှိပြီး၊ ပျက်ကွက်သူ(၂၇၁)ဦး၊ ဖြေဆိုရာခိုင်နှုန်းမှာ (၈၉.၄၁)ရာခိုင်နှုန်းဖြစ်ပြီး၊ ပျက်ကွက်(၁၀.၅၉)ရာခိုင်နှုန်းဖြစ် ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

ရသေ့တောင် မြို့နယ်အတွင်း စာစစ်ဌာနစုစုပေါင်း (၇)ခုရှိပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် အတွက် အ.ထ.က-၁၊ အထက၂၊ အမက ၂၊ အမက ၄၊ မေယုခန်းမ၊ အားကစားခန်းမ၊ အလိုတောင်ပြည့်ကျောင်းတိုက်၊ သာသနာ့ဇောတိပါလကျောင်းတိုက်၊‌စေတီယဂ်ဏကျောင်းတိုက်နှင့် ဇီးကိုင်းစာစစ်ဌာနကို စစ်တွေ အထက(ခွဲ) အလက(၅) ရေတပ်ကျောင်းစာစစ်ဌာနတို့တွင် ကျောင်းသား/သူများဝင်ရောက်ဖြေဆိုလျက် ရှိကြောင်းသိရသည်။

သတင်း - ထွန်းလင်းကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)