မာန်အောင်မြို့ သန့်ရှင်းသာယာလှပစေရေးနှင့် ဘုရား၊ စေတီ၊ ပုထိုးများ သပ္ပါယ်စေရေး စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့ သန့်ရှင်းသာယာလှပစေရေးနှင့် ဘုရား၊ စေတီ၊ ပုထိုးများ သပ္ပါယ်စေရေး စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးများ ဆောင်ရွက်







MNP ၊ ဧပြီ ၃၀

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးစေရေးနှင့် ဘုရား၊စေတီ၊ပုထိုးများသပ္ပါယ်စေရေးစုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်ခြင်းများကို ယနေ့နံနက်၇နာရီကရန်အောင်မြင်စေတီသွားရာလမ်းတစ်လျှောက်နှင့် စေတီဝင်းအတွင်း သန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်‌ရှင်းရေးများဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရွှေလှအောင်နှင့်အဖွဲ့ဝင်များကကြီးကြပ်ပြီး မြို့နယ်ဌာနဆိုင်ရာနှင့်ဝန်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊မိခင်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သောပူးပေါင်းအဖွဲ့က ရန်အောင်မြင်စေတီသွားရာလမ်းတစ်လျှောက်ရှိ ချုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊အမှိုက်များကောက်ခြင်း၊ရန်အောင်မြင်စေတီတော်ဝင်းအတွင်းတံမြက်စည်းလှဲခြင်းစသည့်သန့်ရှင်းရေးများကိုစုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့သို့မြို့နယ်သန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေး ဆောင်ရွက်ခြင်းလုပ်ငန်းများကိုအပတ်စဉ်(စနေ)နေ့တိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။


သတင်း - သိန်းဖေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)