သာစည်မြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံးနှင့် ကားဂိုထောင်အမိုးသွပ်တို့ ပျက်စီးပြီး ကွန်ကရစ်မီးတိုင်များ ပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်တစ်လုံးနှင့် ကားဂိုထောင်အမိုးသွပ်တို့ ပျက်စီးပြီး ကွန်ကရစ်မီးတိုင်များ ပျက်စီး



MNP -  ဧပြီ   ၂၅

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီခန့်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်  လှိုင်းတက်ကျေးရွာအုပ်စု၌   လူနေအိမ်တစ်လုံးနှင့် ကားဂိုထောင် အမိုးသွပ်တို့ပျက်စီးပြီး ကွန်ကရစ်မီးတိုင်များ ယိုင်လဲပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်ခုလုံး၊ ကားဂိုထောင်အမိုးသွပ်နှင့် လှိုင်းတက်ကျေးရွာ အုပ်စုလှိုင်းတက်ကျေးရွာရှိ ၄၀၀ ဗို့ဓာတ်အားလိုင်း ကွန်ကရစ်တိုင်နှစ်တိုင် ယိုင်လဲပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့်  ပျက်စီးဆုံးရှုံးမှုများရှိသော်လည်း  လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)