ကယားပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၂ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲ လွိုင်ကော်မြို့၌ ဆင်ယင်ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ကယားပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၂ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲ လွိုင်ကော်မြို့၌ ဆင်ယင်ကျင်းပ

16

17


MNP - ဧပြီ   ၃၀

ကယားပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို  လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီး၌ ယနေ့ ဧပြီလ ၃၀ ရက်နေ့တွင် စတင် ဆင်ယင် ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့တွင် ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ ဘာသာရပ် (ပထမနေ့) ကို စာဖြေသံဃာ ၂၂ ပါးက ဖြေဆိုလျက်ရှိရာ မေလ ၁၃ ရက်နေ့ထိ ပြည်နယ်အတွင်းမှ ပထမပြန် စာမေးပွဲအတွက် စာဖြေသံဃာ ၂၆၅ ပါးနှင့် ဓမ္မစရိယစာမေးပွဲအတွက် စာဖြေသံဃာ ၄၃ ပါး၊ စုစုပေါင်း စာဖြေသံဃာ ၃၀၈ ပါးက လွိုင်ကော်မြို့ စာဖြေဌာနတွင် နေ့အလိုက် ဘာသာရပ်အသီးသီးကို ဖြေဆိုသွားမည်ဖြစ်သည်။

အဆိုပါ စာမေးပွဲကို ဗုဒ္ဗဘာသာ ပရိယတ္တိ သာသနာထွန်းကား ပြန့်ပွားစေရန်၊ ပြည်နယ် အတွင်းရှိ စာသင်သား ရဟန်းသာမဏေများအနေဖြင့် ဗုဒ္ဗတရားတော်များကို ကျယ်ပြန့် လေးနက်စွာ လေ့လာဆည်းပူးသင်ယူနိုင်စေရန်နှင့် စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်ရန် အတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှ အလှူတော်ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီး၌ ဆင်ယင်ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာချုပ် (လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူးနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက ဆရာတော် ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အလှူရှင်များက စာမေးပွဲအောင်မြင်စွာ ကျင်းပပြီးစီး နိုင်ရေးနှင့် စာဖြေသံဃာတော်များအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ ပြည်နယ် သာသနာရေးမှူး ဦးအောင်ကြည်က လက်ခံရယူခဲ့ပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်း - ကိုဇင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages