ကန့်ဘလူမြို့နယ်တွင် မိုးသက်လေပြင်းများတိုက်ခတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်တွင် မိုးသက်လေပြင်းများတိုက်ခတ်




MNP - ဧပြီ   ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ယနေ့ နံနက် ၄ နာရီ ၁၅ မိနစ် ခန့်က လေပြင်းများတိုက်ခတ်ပြီး မိုးနှင့် အတူ မိုးသီးများ ပါကျရောက်မှုကြောင့် မြို့ပေါ်ရပ်ကွက် အချို့၌ နေအိမ်ပေါ် သစ်ပင်ပိမိခြင်း၊ ကားလမ်းမပေါ် သစ်ပင်ပြိုလဲခြင်းနှင့် နေအိမ်အချို့ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးသက်လေပြင်းကြောင့် ကန့်ဘလူမြို့ အမှတ်(၂) ရပ်ကွက်ရှိ (၁၂× ၁၂× ၁၀) ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းတစ်ထပ် လူနေအိမ်အဆောက်အဦပေါ်သို့ လုံးပတ်ငါးပေခန့်ရှိ မန်ကျည်းပင်လဲကျ၍ ပိမိခြင်းအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးမိုးကျော်သူနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်တာဝန်ရှိသူများက သွားရောက်ရှင်းလင်း ဖယ်ရှားခဲ့ကြောင်းနှင့် အမှတ်(၅) ရပ်ကွက် ကန့်ဘလူ- နတ်ပေးကားလမ်းမပေါ်တွင် လုံးပတ်သုံးပေခန့်ရှိ ပေါက်ပင်လဲပြိုကာ ကားလမ်း ပိတ်မိနေ၍ သွားရောက်ဖယ်ရှား ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်မှုကြောင့် နေအိမ် (၁)လုံး သစ်ပင်ပိမိခြင်းနှင့် နေအိမ်(၈)လုံး အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လူ၊ တိရစ္ဆာန် များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

သတင်း - အောင်ဝင်းငြိမ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)