သရက်မြို့၌ အသက်(၁၅)နှစ်နှင့် (၁၈)နှစ်အတွင်းရှိသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး စီမံချက်အသိပေး ဆွေးနွေးပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့၌ အသက်(၁၅)နှစ်နှင့် (၁၈)နှစ်အတွင်းရှိသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး စီမံချက်အသိပေး ဆွေးနွေးပွဲ အခမ်းအနားကျင်းပ



MNP -  ဧပြီ   ၂၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်သူလူထုအတွင်းရှိ အသက်(၁၅)နှစ်နှင့် (၁၈)နှစ်အတွင်းရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး စီမံချက်အသိပေး ဆွေးနွေးပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအေးက အမှာစကား ပြောကြားပြီး ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးမှူး ဒေါက်တာညွန့်ရွှေအောင်က ပြည်သူလူထု အတွင်းရှိ အသက်(၁၅)နှစ်နှင့် (၁၈)နှစ်အတွင်းရှိသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး စီမံချက်အကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်ခင်ဌေးလှိုင်က သရက်မြို့နယ်တွင် အသက်(၁၅)နှစ်နှင့် (၁၈)နှစ်အတွင်းရှိသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားရာ စာရင်းကောက်ယူထားသည့် ၁၆၀၃ ဦးအား ဧပြီလ ၂၆ ရက်နေ့မှ မေလ၂၃ ရက်နေ့အထိ ပထမအကြိမ်နှင့် မေလ ၂၄ ရက်နေ့မှ ဇွန်လ ၂၀ ရက်နေ့အထိ ဒုတိယအကြိမ်တို့ကို ထိုးနှံသွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ယင်းနောက် တက်ရောက် လာသူများမှ သိရှိလိုသည်များ မေးမြန်းခြင်းများကို ရှင်းလင်းပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများအား အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် သက်ဆိုင်ရာ ဌာနအသီးသီးမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - ဇော်ဝမ်းထွန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)