တောင်ဥက္ကလာပမြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် ကျောင်းတွင်းစစ် စာမေးပွဲများအောင်စာရင်းထုတ်ပြန်ကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် ကျောင်းတွင်းစစ် စာမေးပွဲများအောင်စာရင်းထုတ်ပြန်ကြေညာ



MNP - ဧပြီ   ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ ၊ ပညာသင်နှစ်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသော အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းစစ် စာမေးပွဲများမှ အတန်းလိုက်စာမေးပွဲအောင်စာရင်းများကို ယမန်နေ့ နံနက် ၆ နာရီအချိန်မှစ၍ သက်ဆိုင်ရာကျောင်းများအလိုက် အောင်စာရင်းထုတ်ပြန်၍ ကျောင်း၏ကြော်ငြာသင်ပုန်းတွင် ကပ်ထားကြေညာပေးထားရာ ကျောင်းသားမိဘများ၊ ကျောင်းသူ၊ ကျောင်းသားများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ထိုသို့ စာမေးပွဲအောင်စာရင်းများ ကြေညာရာတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ သင်ရိုးသစ် (KG) တန်းမှစ၍ (Grade-10)အတန်းအထိ (တက္ကသိုလ်ဝင်တန်း မပါ)အား အတန်းလိုက် အောင်စာရင်းများကို ကပ်ထားကြေညာပေးထားပြီး ၂၀၂၂ ခုနှစ်၊ မေလ(၂၅) ရက်နေ့မှစတင်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသူ၊ ကျောင်းသားများကို ကျောင်းအပ်နှံမှု လက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိပါသည်။

သတင်း - ခင်ဆွေနှင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)