MNP - ဧပြီ ၂၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သတ္တမအသုတ် (ဒုတိယအကြိမ်) အသက် ၁၈ နှစ်အထက်ရှိသူများကို ယနေ့ နံနက် ၉ နာရီက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးနှံရန်လာရောက်ကြသည့် အသက် ၁၈ နှစ်အထက်ရှိသူများ၊ ရဟန်းသံဃာတော်များ၊ ဘိုး/ဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများကို သတ်မှတ်နေရာများသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများသာ ကာကွယ် ဆေးများကို ထိုးနှံပေးလျက်ရှိသည်။
ကျောက်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား သတ်မှတ်စုရပ်နေရာအသီးသီး၌ ထိုးနှံပေးလျက်ရှိပြီး သတ္တမအသုတ်(ပထမအကြိမ်)ကာကွယ်ဆေးထိုးနှံပြီးသူ ၁၂၃၈ ဦးရှိနှင့် ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူ ၈၃၂၉၆ ဦးထိရှိပြီး၊ ကာကွယ်ဆေးနှစ်ကြိမ် လာရောက်ထိုးနှံပြီးသူ ၅၄၇၇၂ ဦးဖြစ်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး ဆေးထိုးရန် ကျန်ရှိနေသူ ၁၅၃၄၁ ဦးရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းမှတ်တမ်းမှ သိရှိရသည်။
သတင်း - ဖြိုးဝေလင်း၊ တင်ထွန်းဦး
မြန်မာနေရှင်နယ်ပိုစ့်
No comments:
Post a Comment