ကျိုက်ထိုမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒ ဘာသာရပ်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒ ဘာသာရပ်ဖြေဆို

 


MNP - ဧပြီ    ၅

ကျိုက်ထိုမြို့နယ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ဧပြီ ၅ ရက် နံနက် ၉ နာရီတွင် ရူပ‌ဗေဒဘာသာရပ်အား စာစစ်ဌာန(၆)ခု၌ အေးချမ်းစွာဖြေဆိုခဲ့ကြသည်။

အဆိုပါ စာစစ်ဌာနများ၌‌ ကျောင်းတွင်းဖြေစုစုပေါင်း ကျား(၂၇၉)ဦး မ(၄၂၉)ဦး ရှိပြီး ဝင်ရောက် ဖြေဆိုသူ(၇၀၈)ဦးဖြစ်ကာ ပျက်ကွက်ကျား(၁၉)ဦး၊ မ(၁၇)ဦး၊ စုစုပေါင်း(၃၆)ဦး ဖြေဆိုရာခိုင်နှုန်း ၉၅.၁၆ ပျက်ကွက်ရာခိုင်နှုန်း(၄.၈၄)ဖြစ်ပြီး ပြင်ပဖြေကျား(၇၁)ဦး မ(၁၁၅)ဦး စုစုပေါင်း (၁၈၆) ဦး ပျက်ကွက်မှာ ကျား(၂၁)ဦး၊ မ(၂၁)ဦး စုစုပေါင်း(၄၂)ဦး ပျက်ကွက်ပြီး ဖြေဆိုရာခိုင်နှုန်းမှာ ၈၁.၅၈ ဖြစ်သည်။

ကျိုက်ထိုမြို့နယ်အတွင်းရှိစာစစ်ဌာန (၆) ခုတွင် ကျောင်းသား/ကျောင်းသူများ စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ဝင်းမောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)