မွန်ပြည်နယ်ဝန်ကြီးချုပ် မွန်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး (၃/၂၀၂၂) တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် မွန်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး (၃/၂၀၂၂) တက်ရောက်



MNP - ဧပြီ   ၃၀

မွန်ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၃ / ၂၀၂၂)ကို ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီအနေဖြင့် တည်ဆဲ  ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ရန်၊ ကျေးရွာပိုင်မြေနေရာတွင် ကျူးကျော်နေထိုင်မှုများကို ဥပဒေနှင့်အညီ တားဆီးရန်၊ သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲရေး ကော်မတီအနေဖြင့် အောက်ခြေအထိ ကွင်းဆင်းစစ်ဆေးပြီး၊ လိုအပ်ချက်များ ဆောင်ရွက်ရန်၊ လယ်ယာမြေဥပဒေ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိကျစွာ လိုက်နာရေးအတွက် ကျေးရွာ၊ မြို့နယ်၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့်အထိ အလေးထားကြပ်မတ် ဆောင်ရွက်ရန်၊ သက်ဆိုင်ရာဌာနများအနေဖြင့် စီမံကိန်းလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ ထိခိုက်နစ်နာဆုံးရှုံးမှုများအပေါ် မြေယာလျော်ကြေး၊ သီးနှံလျော်ကြေးများ စနစ်တကျ တွက်ချက်တင်ပြရန်၊ ပြည်သူများ၏ လိုအပ်ချက်များကို အလေးထား ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ဌာနမှူးက သတ်မှတ်သည့် မြေယာလျော်ကြေးများ၊ သီးနှံလျော်ကြေးများ ပေးဆောင်နိုင်ရေး ရှင်းလင်းတင်ပြပြီး၊ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြရာ၊ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သတင်း - ခင်စန်းမြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)