မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ဘဏ်ချေးငွေကိစ္စတွေ့ဆုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ဘဏ်ချေးငွေကိစ္စတွေ့ဆုံဆွေးနွေးပွဲကျင်းပ


MNP - ဧပြီ    ၄

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ် ဘဏ်ခွဲအစည်းဝေးခန်းမ၌  ယမန်နေ့ နံနက် ၁၁ နာရီက ဘဏ်ချေးငွေကိစ္စနှင့် ပတ်သက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) အထွေထွေမန်နေဂျာ၊ တိုင်းဒေသကြီး မန်နေဂျာ၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဒေသခံချေးငွေစိစစ်ရေး ကော်မတီ အတွင်းရေးမှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲပြုလုပ်ရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုးမှ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အနေဖြင့် တောင်သူများအကျိုးရှေးရှုပြီး ဘဏ်လုပ်ငန်းဆောင်ရွက်နေမှုသည် နှစ်ပေါင်း(၇၀) ခန့် ရှိပြီဖြစ်ကြောင်း၊ ပဲခူးတိုင်းသည် ဆန် စပါးအဓိကစိုက်ပျိုးတဲ့ တိုင်းဒေသကြီး တစ်ခုဖြစ်သည်နှင့်အညီ ၂၀၂၂ ခုနှစ်အတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မေလ ဒုတိယအပတ်မှစတင်ပြီး ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း၊ ကျောက်ကြီးမြို့နယ်သည် ကိုဗစ် - ၁၉ ရောဂါကြောင့် မဟုတ်ပါက ယခင်နှစ်များ၌ ဘဏ်ကြွေးကျန်ရှိသည့် မြို့နယ်မဟုတ်ကြောင်း တာဝန်ကျေသည့်မြို့နယ်ဖြစ်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဘဏ်ကော်မတီဝင်များအား ကျေးဇူးတင်ရှိကြောင်း၊ ဒေသခံ တောင်သူများအနေဖြင့် အတွေးမှားပြီးချေးငွေပြန်မရမှာ မစိုးရိမ်ရန်နှင့် ကြွေးကျေတောင်သူ များအား ချေးငွေပြန်လည်ထုတ်ပေးရန် ငွေအဆင်သင့်ရှိကြောင်း အသိပေးပြောကြားခဲ့သည်။ ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တိုင်းဒေသကြီး မန်နေဂျာ ဦးခင်မောင်စိုးက ကျောက်ကြီးမြို့နယ် အနေဖြင့် ၂၀၂၀ ခုနှစ် မိုးရာသီကစပြီး ဘဏ်ကြွေးကျန်ရှိကြောင်း၊ ယခင်နှစ် များတွင် တာဝန်အကျေဆုံးမြို့နယ်ဖြစ်ကြောင်း၊ ကြွေးကျန်တောင်သူများလည်း အမြန်ဆုံး ကြွေးကျေပြီဆိုပါက ချေးငွေများ ပြန်လည်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ရဲ့ အတိုးနှုန်းမှာ အသက်သာဆုံးဖြစ်ကြောင်းနှင့် အလုပ်အကိုင် ချေးငွေအခွင့် အလမ်း သစ်များရှိကြောင်း၊ ဆန်စက်လုပ်ငန်း၊ ထွန်စက်လုပ်ငန်း၊ ခြွေလှေ့စက် လုပ်ငန်းများ အတွက် ကြွေးကျေတောင်သူများအား သိန်းပေါင်း (၇၀၀) အထိ ထုတ်ချေးပေးမည့် အစီအစဉ် များရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်လင်းထွန်းက ဘဏ်ချေး ငွေထုတ်ယူထားသော တောင်သူများအနေဖြင့် နိုင်ငံ့ဘဏ္ဍာဖြစ်သည့်အတွက် မဖြစ်မနေ အချိန်စေ့ရင် ပြန်လည်ပေးဆပ်ရမှာဖြစ်ကြောင်းကို ဒေသခံချေးငွေစိစစ်ရေးကော်မတီ အတွင်းရေးမှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ကိုယ့်ရပ်ကိုယ့်ရွာတွင် သေချာစွာ ရှင်းလင်းပြစေလိုကြောင်း ပြောကြားပြီး၊ ဆွေးနွေးပွဲသို့ တက်ရောက်လာသော ဒေသခံချေးငွေ စိစစ်ရေးကော်မတီ အတွင်းရေးမှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ မိမိတို့သိလိုသည်များ အခက်ခဲများကို တင်ပြဆွေးနွေးခဲ့ကြသည်။

ထို့နောက်ဆွေးနွေးမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြား ခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)