ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးရေးဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယခင်ချေးငွေများ ပြန်လည်ပေးဆပ်ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးရေးဆွေးနွေး



MNP - ဧပြီ   ၂၂

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယခင်ချေးငွေများ ပြန်လည်ပေးဆပ် ရေးနှင့် ချေးငွေသစ်များ ထုတ်ချေးပေးရေး ညှိနှိုင်းဆွေးနွေးပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အေးချမ်းသာယာခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ရပ်ကွက်နှင့်ကျေးရွာ ချေးငွေစိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦးက ယခင်ချေးငွေများ ပြေကျေစွာပေးဆပ်ပြီး၊ ချေးငွေသစ်အမျိုးမျိုးအား နှုန်းထားတိုးမြင့် ထုတ်ချေးရယူနိုင်ရေး တောင်သူများဆောင်ရွက်နိုင်ပါကြောင်း၊ တောင်သူဘဝ တိုးတက်မြင့်မားလာစေရန် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တိုင်းဒေသကြီးမန်နေဂျာ ဦးသိန်းထိုက်က ချေးငွေထုတ်ချေးရေး၊ ကောက်ခံရေးလုပ်ငန်းများအား ရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာ ချေးငွေစိစစ်ရေးအဖွဲ့ဥက္ကဋ္ဌများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

ကျောင်းကုန်းမြို့နယ်တွင် ၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ် မတ်လ(၃၁)ရက်နေ့အထိ ရပ်ကွက်(၃)ခု၊ ကျေးရွာ အုပ်စု(၆၅)အုပ်စုတို့မှ မိုး/ဆောင်းချေးငွေ ကြွေးကျန်စုစုပေါင်းမှာ ငွေကျပ်သိန်းပေါင်း(၇)သောင်းကျော် ကျန်ရှိနေသေးကြောင်း၊ စပြီးထုတ်ချေးပေးကထဲက သီးနှံပေါ်တဲ့အချိန် ပြန်လည်ပေးဆပ်ရမည်ဟု ပါရှိခဲ့ရာ ‌ချေးငွေကြွေးကျန်များအနေဖြင့် ဒဏ်ကြေးပေးဆောင်သွားရမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)မှ အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦး၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် တိုင်းဒေသကြီးမန်နေဂျာ ဦးသိန်းထိုက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ ရပ်ကွက်/ကျေးရွာ ချေးငွေစိစစ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူး များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - ဝင်းကြိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)