လယ်ဝေးမြို့နယ်၏ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်၊ စီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို့နယ်၏ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်၊ စီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်ပွဲကျင်းပ



MNP -  ဧပြီ   ၂၃

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက်တာဝန်ပေး အပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က အဖွင့်အမှာစကားပြောကြားသည်။ ထိုနောက် လယ်ဝေးမြို့နယ်စီမံကိန်းဦးစီးမှူးဒေါ်သိန်းသိန်းက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် လယ်ဝေးမြို့နယ်အနေဖြင့် လျာထားသည့် လယ်ယာကဏ္ဍ၊ သားငါး၊ သစ်တော၊ သတ္ထုနှင့် လျှပ်စစ်ပစ္စည်း၊ စက်မှုလက်မှု၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ ဆောက်လုပ်မှု၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ငွေရေးကြေးရေး၊ လူမှုရေးနှင့်စီမံခန့်ခွဲရေး၊ ကုန်သွယ်မှုနှင့်အခြားဝန်ဆောင်မှု ကဏ္ဍများတွင်တိုးမြှင့်ဆောင်ရွက်မည့်စီမံကိန်းရည်မှန်းချက်များအားရှင်းလင်းတင်ပြသည်။

ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့်စီမံကိန်း ရည်မှန်းချက်တာဝန်များအား သက်ဆိုင်ရာဌာနများအလိုက် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)