နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း (အောင်ပန်း) သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း (အောင်ပန်း) သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲကျင်းပ



MNP - ဧပြီ   ၂၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှု လက်မှုပညာ သင်တန်းကျောင်း(အောင်ပန်း) လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ် စက်ပြင်သင်တန်း၊ ဆောက်လုပ်ရေး သင်တန်းနှင့် လက်ကိုင်ဖုန်းပြင် သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်(၉)နာရီက အောင်ပန်းမြို့ စက်မှုလက်မှု သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနသည် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသမှာရှိသည့် တိုင်းရင်းသားလူငယ်များ အခမဲ့ပညာသင်ကြားနိုင်ရေးအတွက် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (၄၅)ကျောင်း ဖွင့်လှစ်သင်ကြားပေးခြင်း၊ ပုံမှန်ပညာရေးကို ပြီးဆုံးသည်ထိ သင်ယူမှုမရှိသည့် တိုင်းရင်းသားလူငယ်များအတွက် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်း ကျောင်း(၁၀)ကျောင်းနှင့် တိုင်းရင်းသူ အမျိုးသမီးငယ်လေးများအတွက် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (၄၆)ကျောင်း ဖွင့်လှစ်သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ‘‘နိဂုံးချုပ်အနေဖြင့် ပြောကြားလိုသည်မှာ ယနေ့ကျင်းပသည့် သင်တန်းဆင်းပွဲတွင် အောင်လက်မှတ်ချီးမြှင့်ခံရသည့် တိုင်းရင်းသား လူငယ်များအနေဖြင့် သင်တန်းမှသင်ကြားပေးလိုက်သည့် ဘာသာရပ်အလိုက် ပညာရပ်များကို လက်တွေ့အသုံးချကာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် မိမိတတ်မြောက်ထားသည့် ပညာရပ်များကို အသုံးချပြီး ကိုယ့်ရပ်ရွာ၊ ကိုယ့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင်တစ်ဖက် တစ်လမ်းမှ ပါဝင်ဆောင်ရွက်နိုင်သည့် နိုင်ငံသားကောင်း၊ အမျိုးကောင်းသားများဖြစ်အောင် ကြိုးစားကြရန် ပြောကြားသည်။

 ဆက်လက်၍ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ ပြည်နယ်ဦးစီးမှူးဦးဝင်းရွှေမှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြပြီး ထူးချွန်သင်တန်းသားများအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ရာ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ် စက်ပြင်သင်တန်း၊ ဆောက်လုပ်ရေး သင်တန်းနှင့် လက်ကိုင်ဖုန်းပြင် သင်တန်းတို့တွင် ထူးချွန်ဆုရရှိသူများကို ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများက ပေးအပ်ကြပြီး သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များကို ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းက ပေးအပ်ရာ သင်တန်းသား တစ်ဦးမှ လက်ခံရယူ၍ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် သင်တန်းသားများ မော်ယာဉ်စက်ပြင်ဆင် လက်တွေ့ ပြသနေမှုကို ကြည့်ရှုကြကြောင်း သိရသည်။

သတင်း - မောင်မောင်သန်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)