ပွင့်ဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်လုပ်ငန်းတာဝန်နှင့် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရန် တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်လုပ်ငန်းတာဝန်နှင့် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရန် တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ




MNP - ဧပြီ   ၂၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်လုပ်ငန်းတာဝန်နှင့် နေကြာသီးနှံတိုးချဲ့ စိုက်ပျိုးရေး တာဝန်ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမ ခန်းမတွင် ကျင်းပသည်။

အခန်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် က မြို့နယ်အတွင်း ဘဏ္ဍာရေးနှစ်အလိုက်  ဒေသဖွံ့ဖြိုးရေးအတွက် ဒေသန္တစီမံကိန်း ရည်မှန်းချက်များကို ရေးဆွဲပြီး မြို့ပြနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ၊ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်လည်း ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေများဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သက်ဆိုင်ရာဌာနများအနေဖြင့် မိမိတို့ တာဝန်ယူ ဆောင်ရွက်ရမည့် လုပ်ငန်းများကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နွဲ့နွဲ့ရင် က ပွင့်ဖြူမြို့နယ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုနှင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်း လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေး ပြောကြားကာ ဌာနဆိုင်ရာများမှ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည် ရှင်းလင်း ဖြေကြားပေးခဲ့သည်။

ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၊ (ဧပြီလမှ မတ်လအထိ) အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်း ရည်မှန်းချက် လုပ်ငန်းတာဝန်များကို မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဌာန၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ လည်းကောင်း၊ နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေး တာဝန်များကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံသို့ လည်းကောင်း အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

သတင်း - လှိုင်ဝင်းလေး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)