တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ် သင်တန်း (၁/၂၀၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ် သင်တန်း (၁/၂၀၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်




MNP - ဧပြီ    ၂၂

ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်း (၁/၂၀၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်ဘွဲ့နှင်းသဘင် ခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကနွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း စွမ်းဆောင်ရည် ပိုမိုကောင်းလာစေရန် အရည်အသွေးပြည့်ဝသော သင်ကြားမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းခွင် သင်တန်းဖြစ်သောပညာရေးဘွဲ့ စာပေးစာယူသင်တန်းကို တက်ရောက်လာကြသော မူလတန်းကျောင်းအုပ်များ၊ အလယ်တန်းပြ ဆရာ/ဆရာမ များ၊ အထက်တန်းပြဆရာ/ဆရာမများ၊ ကြီးကြပ်ရေးမှူးများနှင့် လက်ထောက်ပညာရေးမှူးများ အားလုံးကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ ဆရာ/မများသည် ကလေးများကို ကျောင်းနေပျော်၍ စာတော်သော ကလေးများဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်ကြောင်း၊ အခြေခံပညာ ဆရာ/မများ အနေဖြင့် မိမိတို့လက်ဝယ်မှာရှိသော တပည့်များကို ဘက်စုံပညာထူးချွန်သူများအဖြစ် ပျိုးထောင် ပေးနိုင်မှသာ နိုင်ငံတော်အတွက် ပညာရေးတာဝန်ကို ကျေပွန်နိုင်မှာဖြစ်ကြောင်း၊ ပညာ သင်ကြားရေးဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသောဆရာ/မများအတွက် ဆရာအတတ်ပညာ အရည်အသွေးပြည့်ဝရေးသည် များစွာအရေးကြီးလှကြောင်း၊ ပညာရေးဘွဲ့စာပေးစာယူသင်တန်း ကာလအတွင်းပို့ချပေးသော ဆရာအတတ်ပညာဆိုင်ရာ သင်ပြနည်းဘာသာရပ်များ၊ ပညာရေး ဘာသာရပ်များကို ကြိုးစားသင်ယူကြရန်လိုကြောင်း၊ ဆရာ/ဆရာမများ စိတ်ချမ်းသာ ကိုယ်ကျန်းမာ စွာဖြင့် စာမေးပွဲကို ကောင်းမွန်စွာ ဖြေဆိုနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးကြောင်း ပြောကြားသည်။

ထို့နောက် ထားဝယ်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်နီနီသန်းက ပညာရေး ဒီဂရီကောလိပ်အနေဖြင့် အမှတ်စဉ် (၁) ပညာရေးဘွဲ့ စာပေးစာယူသင်တန်းကို စတင်ဖွင့်လှစ်နိုင်၍ ဂုဏ်ယူရပါကြောင်း၊ ယခုသင်တန်းတွင် စာရင်းရှိ ဆရာ/ဆရာမ (၃၂၁) ဦးရှိသည်အနက် (၃၀၆) ဦး တက်ရောက်ခဲ့ကြောင်း၊ အခြေခံပညာဦးစီးဌာနရှိ အခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသော အရည်အသွေးပြည့်ဝသည့် အထက်တန်းပြ ဆရာ/ဆရာမများ ဖြည့်ဆည်းပေးနိုင်ရန်ပညာရေးဘွဲ့ (B.E.D) မရရှိသေးသည့် အလယ်တန်းပြ၊ အထက်တန်းပြ ဆရာ၊ဆရာမများအတွက် အဓိကရည်ရွယ်၍ ပညာရေးဘွဲ့ (စာပေးစာယူ) သင်တန်းကို ပညာရေးဒီဂရီကောလိပ်များ တိုးချဲ့ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ ပထမနှစ်အတွက်အနီးကပ် သင်တန်းကာလမှာ ဧပြီလ ၂၀ ရက်နေ့မှ မေလ (၂၅) ရက်နေ့အထိဖြစ်ပြီး  တနင်္လာနေ့မှ စနေနေ့အထိ နေ့စဉ်နံနက်(၉)နာရီမှ ညနေ (၃) နာရီ အထိ သင်တန်းအချိန်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသော ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)