ဓမ္မစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓမ္မစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ



MNP - ဧပြီ   ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ ဓမ္မစရိယနှင့် ပါဠိပထမပြန် စာမေးပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးနှင့် စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ (၂၆) ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အစည်းအဝေးတွင် ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က ဓမ္မစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ၂၀၂၁ ခုနှစ် စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းနိုင်ရန်၊ မြို့နယ်အတွင်း သန့်ရှင်း သာယာလှပစေရေးအတွက် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာများ ပူးပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ကြရန်၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စွာပြုစုနိုင်ရေး ကိုင်ဆောင်လက်မှတ် နံပါတ်များ မှန်ကန်မှုရှိစေရေးအတွက် နိုင်-၄ ရိုက်သွင်းခြင်း လုပ်ငန်းများအား သတ်မှတ် ကာလအတွင်း ပြီးစီးရေးအတွက် ဌာနဆိုင်ရာများက ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်အတွက် ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် ပုဇွန်တောင်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ အသီးသီးဆွေးနွေးခဲ့ကြပြီး ၎င်းအစည်းအဝေးတွင် ပုဇွန်တောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက် ခဲ့ကြကြောင်း သတင်းရသည်။

သတင်း - ဟန်စုယဉ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)