စစ်တွေမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးများ ဆောင်ရွက်






MNP ၊ ဧပြီ  ၃၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မြို့သန့်ရှင်းသာယာလှပရေးစေရေးနှင့် အမှိုက်ကင်းစင်သောမြို့တော်ဖြစ်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများကို ယနေ့နံနက်၇နာရီက လောကနန္ဒာလမ်းဆုံမှမင်းဘာကြီးလမ်းထိပ်ထိလည်း‌ကောင်း၊ လောကနန္ဒာလမ်းဆုံမှ အစိုးရဧည့်ရိပ်သာထိလည်းကောင်း၊ တပ်နယ်ဂိတ်မှမီးစက်ကြီးအပိုင်းအထိလည်းကောင်း၊မင်းဘာကြီးလမ်းမှစာတိုက်အထိလည်းကောင်း၊ စုစုပေါင်း(၁၂)နေရာခွဲ၍ စုပေါင်းသန့်ရှင်းရေးအမှိုက်‌‌ကောက်ခြင်းများဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါ စုပေါင်းအမှိုက်ကောက်ခြင်းနှင့် စုပေါင်းသန့်‌ရှင်းရေးများဆောင်ရွက်ခြင်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊အ‌‌နောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တပ်ရင်းတပ်ဖွဲ့များမှမိသားစုဝင်များ၊ ပြည်နယ်ရဲတပ်ဖွဲ့နှင့်နယ်မြေခံတပ်ရင်းရဲတပ်ဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ၊ တပ်ရင်းတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စသည်ဖြင့် လူဦးရေ(၁၂၅၈) ဦး စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ မြို့နယ်သန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ကောက်သန့်ရှင်းရေးဆောင်ရွက်ခြင်းလုပ်ငန်းများကို အပတ်စဉ် စနေနေ့တိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။


သတင်း -  ဇူလိုင်ကြယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)