MNP - ဧပြီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်း ပြည့် ပြီးစီးနိုင်ရေးနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံခွင့်ရရှိသူများ မကျန်ရှိစေရေးအတွက် မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့ပေါ် mobile Team အဖွဲ့မှ ပထမအကြိမ် အနေဖြင့် ပြည်သူ(၆၉)ဦး၊ ဒုတိယအကြိမ်အနေဖြင့် ပြည်သူ(၄)ဦး ကိုလည်းကောင်း၊ ခရိုင် ပြည်သူ့ဆေးရုံတွင် ပထမအကြိမ်အနေဖြင့် ပြည်သူ(၁၂)ဦး၊ ဒုတိယအကြိမ်အနေဖြင့် ပြည်သူ (၉)ဦးကိုလည်းကောင်း၊ မြို့မဈေးတွင် ပထမအကြိမ်အနေဖြင့် ပြည်သူ(၂၄)ဦး၊ ဒုတိယအကြိမ် အနေဖြင့် ပြည်သူ(၆)ဦး ကိုလည်းကောင်း၊ မော်လိုက်-ညောင်ဝန်းမြစ်ဖြတ် ကူးတို့ဆိပ်တွင် ပထမအကြိမ်အနေဖြင့် ပြည်သူ(၁၈)ဦး၊ ဒုတိယအကြိမ်အနေဖြင့် ပြည်သူ(၆)ဦးနှင့် အော်ဇီးခုံ ကျေးရွာတွင် ပထမအကြိမ်အနေဖြင့် ပြည်သူ(၉)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ သွေးပေါင်ချိန် တိုင်းတာစစ်ဆေးခြင်းနှင့် သွေးအတွင်းအောက်ဆီဂျင် တိုင်းတာစစ်ဆေးခြင်းများကို ဆောင်ရွက် ပေးခဲ့ကြပြီး စိတ်ချရသူများအား နယ်မြေခံတပ်ရင်းများမှ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်း များက ကိုဗစ်ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
သတင်း - မော်လိုက်သားလေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment