ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်စာအုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့်စာအုပ်ပြပွဲကျင်းပ





MNP -  ဧပြီ    ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာနတွင် နွေရာသီအားလပ်ရက်များတွင်အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး ယနေ့ နံနက် (၉)နာရီခွဲက စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများအနေဖြင့် စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိပြီး ပြင်ပစာပေများဖတ်ရှုခြင်းဖြင့် အသိအမြင်အတွေးအခေါ်များ ပိုမိုရရှိစေရေး၊ စာပေ ချစ်မြတ်နိုးသည့် စိတ်များဖြစ်ပေါ်လာပြီး ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေ ရေး အကျိုးရှိသည့်ပြင်ပစာပေများ ဖတ်ရှုရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဦးစီးအရာရှိဒေါ်ခင်နှင်းရီက ဗဟုသုတပိုမိုကြွယ်ဝလိုပါက စာများများဖတ်ရန်လိုကြောင်း၊ စာပေဖတ်ရှုခြင်း များလာသည့်နှင့်အမျှ အတွေး အခေါ်များမြင့်မားလာပြီး အများတကာထက်ထူချွန် ထက်မြတ်သူများဖြစ်လာကာ မိမိတို့၏ ဂုဏ်သတင်းသည်လည်း ကျော်ကြားလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပရာ ကျောင်းသား/ကျောင်းသူ(၁၈)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်းနှင့်  ပြိုင်ပွဲအပြီးတွင် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကာ ကျောင်းသား/ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။

သတင်း - သက်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)