MNP - ဧပြီ ၂၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် လူငယ်များ အခြေခံလူ့ယဉ်ကျေးမှုစာရိတ္တများ၊ ကိုယ်ချင်းစာတရားများနှင့် လိုက်နာကျင့်သုံးရမည့် ပြည်သူ့နီတိများကို သိရှိစေရန် ရည်ရွယ်၍ လူငယ်နှင့် ပြည်သူ့နီတိခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုးကောင်းမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်နီနီလွင်ကလူငယ်လူရွယ်များ ငယ်စဉ်မှစ၍ လိုက်နာကျင့်သုံးရမည့် အခြေခံ ပြည်သူ့နီတိများဖြစ်သည့် စာရိတ္တထိန်းသိမ်းရေး၊ ရိုးရာယဉ်ကျေးမှုကို ကောင်းစွာလိုက်နာ ဆောင်ရွက်ထိန်းသိမ်းရေး၊ အမှိုက်များကို စည်းမဲ့ကမ်းမဲ့မပစ်ရေး၊ ကိုယ်ချင်းစာတရားဖြင့် သူတပါး မထိခိုက်အောင် နေထိုင်ခြင်းစတဲ့ အကြောင်းအရာတွေကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရ သည်။
ဆက်လက်၍ ဟောပြောပွဲ တက်ရောက်လာသူ ကျောင်းသားလူငယ် (၂၅)ဦးတို့က ခင်းကျင်း ပြသထားသော စာအုပ်စာစောင်များကို စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment