ငါန်းဇွန်မြို့နယ်တွင် အသက် (၁၈) နှစ် ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါန်းဇွန်မြို့နယ်တွင် အသက် (၁၈) နှစ် ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး



MNP -  ဧပြီ   ၂၆

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက် (၁၈) နှစ် ပြည့်ပြီးသူများ အားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အအသုတ် ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အဋ္ဌမအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးရာ ယမန်နေ့နံနက် ၉ နာရီမှစ၍ မြို့မဇုံမှ (၂၅) ဦး၊ ငါန်းမြာဇုံမှ (၂၃) ဦး၊ ခြင်္သေ့လက်ဇုံမှ (၄၅) ဦး၊ သားကျင်ဇုံမှ (၃၂) ဦး၊ ဂျိုဇုံမှ (၁၅) ဦး၊ ရေလည်သောင်ဇုံမှ (၃၅) ဦးနှင့် ကုလားရွာဇုံမှ (၂၅)ဦး၊ စုစုပေါင်း (၂၀၀) ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ ဧပြီ ၈ရက်နေ့မှ ၂၅ ရက်နေ့အထိ မြို့နယ်အတွင်း ဇုံ (၉) ဇုံမှ အဋ္ဌမအသုတ် ဒုတိယအကြိမ် (၇၃၃၄) ဦး ထိုးနှံပြီးကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။     

သတင်း - သက်နောင်ဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)