ထန်းတပင်မြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် ရပ်/ကျေး လူဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်းတပင်မြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် ရပ်/ကျေး လူဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

 




MNP - ဧပြီ    ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် ရပ်/ကျေး မြေပြင်လူဦးရေစာရင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးရှိ လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်း သီရိမင်္ဂလာခန်းမတွင် စစ်ဆေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်နှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှူခဲ့ကြောင်း သိရသည်။

အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် ရပ်/ကျေးလူဦးရေ စာရင်းနှင့် မြေပြင်တိုက်ဆိုင် စစ်ဆေးခြင်းများဆောင်ရွက်ကြရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲပြန်လည်ကျင်းပ၍ အနိုင်ရရှိသည့်ပါတီအား ဒီမိုကရေစီစံချိန် စံညွှန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်လုပ်ဆောင်ရန်နှင့် လိုအပ်သည့် အချိန်ကာလအတွင်း မဲစာရင်းများ အချိန်မီပြီးစီးနိုင်ရေး၊ ယခင်က မဲစာရင်းများ စစ်ဆေးရာတွင် မှန်ကန်မှု မရှိသည့်အတွက် တပ်မတော်မှနိုင်ငံတော်အာဏာကို ခေတ္တလွှဲပြောင်းတာဝန်ယူထားရသည့်အတွက် ယခုပြန်လည်ကျင်းပမည့် ရွေးကောက်ပွဲတွင် မြေပြင်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးသည့်အခါ မဲစာရင်းများ မှန်ကန်မှုရှိစေရေးမဲစာရင်းများ အောင်မြင်စွာပြီးစီး ဆောင်ရွက်နိုင်ရေး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ စာရင်းနှင့်မြေပြင်စာရင်းကွာခြားမှုမရှိစေရေး၊ အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရန် ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် စာရေးဝန်ထမ်းများက စနစ်တကျ ပူးပေါင်းတိုက်ဆိုင်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)