ဒွန်ဘတ်နှင့် ယူကရိန်းနိုင်ငံ တောင်ပိုင်းကို အပြည့်အဝထိန်းချုပ်နိုင်ရန် ရုရှား ရည်ရွယ်ထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒွန်ဘတ်နှင့် ယူကရိန်းနိုင်ငံ တောင်ပိုင်းကို အပြည့်အဝထိန်းချုပ်နိုင်ရန် ရုရှား ရည်ရွယ်ထား


မော်စကို၊ ဧပြီ ၂၃ 

ယူကရိန်းနိုင်ငံ လက်ရှိဖြစ်ပွားနေသည့် အထူးစစ်ဆင်ရေး ဒုတိယအဆင့်အတွင်း ရုရှား စစ်တပ်၏ တာဝန်များအနက် တစ်ခုမှာ “ဒွန်ဘတ်နှင့် ယူကရိန်း တောင်ပိုင်းကို အပြည့်အဝထိန်းချုပ်နိုင်ရန်” ဖြစ်ကြောင်း ရုရှားနိုင်ငံ ဗဟိုစစ်ခရိုင်၊ လက်ထောက်ကွပ်ကဲရေးမှူး Rustam Minnekaev က ဧပြီ ၂၂ ရက်က ပြောခဲ့သည်။

ဒွန်ဘတ်စ်ကို ထိန်းချုပ်နိုင်ခြင်းသည် ခရိုင်းမီးယားအား ကုန်းတွင်းစင်္ကြံတစ်ခု ဖန်တီးရန်နှင့် လယ်ယာစိုက်ပျိုးရေးနှင့် သတ္တုဗေဒဆိုင်ရာ ထုတ်ကုန်များအား အခြားနိုင်ငံများသို့ လွှဲပြောင်းထားရာ ပင်လယ်နက်ဆိပ်ကမ်းများ အပါအဝင် ယူကရိန်း၏ အရေးပါသော အဆောက်အအုံများအား လွှမ်းမိုးခြယ်လှယ်နိုင်မည်ဖြစ်ကြောင်း ကာကွယ်ရေးစက်မှုလုပ်ငန်းများ အစည်းအဝေး၌ Minnekaev က ပြောခဲ့သည်။

ယူကရိန်းနိုင်ငံ တောင်ပိုင်းအား ထိန်းချုပ်နိုင်ခြင်းသည် Transnistria သို့ နောက်ထပ်လမ်းကြောင်းတစ်ခု ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း Minnekaev က ဆိုသည်။ 


Ref : (ဆင်ဟွာ)

Myanmar National Post


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)