၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို စဉ့်ကူးမြို့နယ်၌ ကျောင်းသား/သူ (၃၆၃)ဦး ဝင်ရောက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို စဉ့်ကူးမြို့နယ်၌ ကျောင်းသား/သူ (၃၆၃)ဦး ဝင်ရောက်ဖြေဆို



MNP ၊ ဧပြီ ၅

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝန်းလုံး၌ ဧပြီ ၅ ရက် နံနက် ၉ နာရီမှစတင်၍ ရူပဗေဒဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်ရှိ စာစစ်ဌာန (၅)ခုတွင် ကျောင်းသား၊ ကျောင်းသူ (၃၆၃) ဦးဖြေဆိုလျက်ရှိသည်။

ထိုသို့ ဖြေဆိုရာတွင် စဉ့်ကူးမြို့နယ်အတွင်းရှိ စာစစ်ဌာန ၅ ခု၌ စာရင်းရှိ (၄၀၄)ဦးမှ အထက စဉ့်ကူးတွင် (၁၁၆)ဦး၊ အထက -လက်ပန်လှတွင် (၅၃)ဦး၊ အထက-ထုံးကြီးတွင် ( ၇၄) ဦး၊ အထက- ရွှေပြည်တွင် (၈၉)ဦး၊ အထက- ကျည်တောက်ပေါက်တွင် (၃၁)ဦး၊ စုစုပေါင်း(၃၆၃)ဦး ဝင်ရောက်ဖြေဆိုကြပြီး စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း (၈၉.၈၅ )ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေကြသော ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်မီးသတ်တပ်ဖွဲ့ဝင်များက ပညာရေးဝန်ထမ်းများနှင့်ပူးပေါင်း၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - တင်ဇာလွင် 

Myanmar National Post

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)