နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် တပ်ကုန်းမြို့နယ် ထန်းတောကြီးကျေးရွာ အုပ်စုတွင် လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဆေးကုသမှုခံယူနေသည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အား အစားအစာများနှင့် ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် တပ်ကုန်းမြို့နယ် ထန်းတောကြီးကျေးရွာ အုပ်စုတွင် လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဆေးကုသမှုခံယူနေသည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အား အစားအစာများနှင့် ထောက်ပံ့ငွေများပေးအပ်



MNP -  ဧပြီ   ၅

နေပြည်တော် တပ်ကုန်းမြို့နယ် ထန်းတောကြီးကျေးရွာအုပ်စု၊ ထန်းတောကြီးကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်အနီးတွင် မတ် ၃၁ ရက်နေ့ နံနက် ၇ နာရီခွဲ အချိန်ခန့်၌ အဖြူရောင် ပလပ်စတစ်အိတ်အတွင်း အနက်ရောင် တိပ်ပတ်လျက် လက်လုပ်မိုင်းဟု ယူဆရသော ပစ္စည်း(၁)ခုအား တွေ့ရှိခဲ့၍ လုံခြုံရေး အဖွဲ့များက လက်လုပ်မိုင်းအား ရှင်းလင်းစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ထန်းတောကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတိုင်းချစ်အား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များက ဧပြီလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံ၌ သွားရောက်ပြီး အားပေးစကားပြောကြားကာ အာဟာရဖြည့် အစားအစာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - ထွန်းထွန်းဝင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)