သီပေါမြို့နယ်တွင် ပြည်သူ (၃၅၂)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်တွင် ပြည်သူ (၃၅၂)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး



MNP - ဧပြီ  ၂၃

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်း ပပျောက်စေရန် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက  ပြည်သူ (၃၅၂)ဦးအား ထိုးနှံပေးနိုင်ခဲ့ကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသူများအား မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ ဆေးထိုးစုရပ်နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် သီပေါမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၁၁)ရပ်ကွက်နေ ပြည်သူများအား မြို့လယ်ဓမ္မာရုံ ဆေးထိုးစုရပ်နေရာတွင်လည်းကောင်း၊    ကျေးရွာများတွင် သတ်မှတ် ဆေးထိုးစုရပ် နေရာများတွင်လည်းကောင်း ထိုးနှံပေးလျက်ရှိကြောင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်သန့်စင် စေခြင်းများ ဆောင်ရွက်ပေးကာ ကျန်းမာရေးဝန်ထမ်းများမှ ကိုယ်ပူချိန်တိုင်းတာစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ စစ်ဆေးပေးခြင်းများ ဆောင်ရွက်၍ ပုံမှန်အနေအထားရှိမှသာ ကာကွယ် ဆေးကိုစနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် အကျုံးဝင်သူဦးရေ (၁၀၉၅၁၇)ဦး    ရှိသည့်အနက် ယနေ့နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူ(၉၅၉၈၁)ဦး၊ ဆေးထိုးနှံရန် အကျုံးဝင်ပြီး ဆေးလုံးဝမထိုးနှံရသေးသူ(၁၃၅၃၆)ဦးနှင့် တစ်မြို့နယ်လုံး ကာကွယ်ဆေး ထိုးနှံပြီးသည့် ရာခိုင်နှုန်း (၈၇.၆၄)ရာခိုင်နှုန်း ရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ သိရသည်။

သတင်း - ခင်လေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)