ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အသိပညာပေး နှိုးဆော်ခြင်လုပ်ငန်း ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အသိပညာပေး နှိုးဆော်ခြင်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်

 


MNP -  ဧပြီ   ၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြုမြို့နယ်တွင် ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲသစ်အိုမီခရွန် (Omicron)ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာသို့ ကွင်းဆင်းပြီး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့က ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက်  မလိုအပ်ဘဲ နေအိမ်ပြင်ပ သွားလာခြင်းများ တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန်၊ လူစုလူဝေးရှိသောနေရာများ သွားရောက်ခြင်းမပြုရန်၊  မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်၍ သွားလာကြရန်၊ အပြင်မှ ပြန်လာသည့် အခါတိုင်း လက်ကို စနစ်တကျ ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါ နေထိုင်ကြရန်၊ ကိုဗစ်-၁၉ရောဂါ လက္ခဏာ သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်ပြီး ဆေးကုသမှုခံယူရန်၊ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးပါက သတ်မှတ် ဆေးထိုးစုရပ်များသို့ မပျက်မကွက် သွားရောက်ထိုးနှံကြရန် စသည့် ကြိုတင် ကာကွယ်ရေးဆိုင်ရာများကို အသံချဲ့စက်ယာဉ်ဖြင့် ကျေးရွာတွင်း လိုက်လံအသိပေး နှိုးဆော် ခဲ့ကြကြောင်း သိရသည်။

သတင်း - ရဲဝင်းနိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)