ပေါင်မြို့နယ်တွင်အသက်(၁၈)နှစ်ထက်ဒေသနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက် ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင်အသက်(၁၈)နှစ်ထက်ဒေသနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက် ထိုးနှံပေးလျက်ရှိ








ပေါင် ၊ ဧပြီ ၊၅


မွန်ပြည်နယ်၊သထုံခရိုင်၊ပေါင်မြို့နယ် ဇင်းကျိုက်မြို့ တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့်ရောဂါကူးစက်ပြန့်ပွားမှုကိုလျော့နည်းစေရန် ရည်ရွယ်၍ အသက်(၁၈)နှစ်ထက် ဒေသနေပြည်သူများ၊အ‌ကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိ‌ကြောင်းသိရသည်။


အဆိုပါ‌ဆေးထိုးခြင်းလုပ်ငန်းတွင်မြို့နယ်အုပ်ချုပ်ရေးမှုး ဦးသိုက်ထွန်း နှင့်ဇင်းကျိုက်မြို့ အုပ်ချုပ်ရေးမှုး ဦးဝေတိုးအောင် တို့မှကြီးကြပ်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့ကဇင်းကျိုက်မြို့ ပေါ် (၄)ရပ်ကွက်နှင့် ကတွန်၊ပန်းကုန်း၊ဖလပ်၊ဥတ္တံတားကျေးရွာများရှိပြည်သူများအား ပထမအကြိမ်ကာကွယ်ဆေးထိုးရန် လာရောက်သည့်ဒေသနေပြည်သူများအား စာရင်းရေးသွင်းခြင်း၊မှတ်တမ်းကောက်ယူခြင်း တို့ကို ပူးပေါင်း ဆောင်ရွက်ပေးခဲ့ခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတို့ကိုဆောင်ရွက်ပေးခဲ့ပြီး ပထမအကြိမ်အနေဖြင့်စုစုပေါင်း (၁၇၆)ဦး ကိုစတင်ထိုးနှံပေးခဲ့ပြီး ၂၀၂၂ခုနှစ်၊မေလ(၃)ရက်နေ့တွင်ဒုတိယအကြိမ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။


တင်ဇာစိုး

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)