တံတားဦးမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အခြေခံပညာ စာသင်ကျောင်းအချို့နှင့်နေအိမ်များ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အခြေခံပညာ စာသင်ကျောင်းအချို့နှင့်နေအိမ်များ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွာ





MNP  -  ဧပြီ  ၂၉

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် စေတီတော် ထီးတော်စောင်းသွားခြင်း ၊ ထီးတော်မြေခခြင်း ၊  အခြေခံပညာ စာသင်ကျောင်းအချို့နှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်ကြောင်း သိရသည်။

မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့်  တံတားဦးမြို့ ဟံသာဝတီကျေးရွာအုပ်စုရှိ လောကထိပ်ဦးစေတီတော် ထီးတော်စောင်းခြင်းနှင့် အရန်စေတီတော်(၁)ဆူ ထီးတော်မြေခခြင်း၊  အခြေခံပညာ အထက်တန်းကျောင်းခွဲ(၁)ကျောင်း ၊ အခြေခံပညာမူလတန်းကျောင်း(၁)ကျောင်း၊ အမိုးလန်ခြင်း လူနေအိမ်(၉၆)အိမ် ၊ ပြိုကျပျက်စီးခြင်း(၇)အိမ်တို့ ဖြစ်ပေါ်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် (၅၄၆၉၆၀၀) ဖြစ်ကြောင်း သိရသည် ။

အဆိုပါဖြစ်စဉ်ကြောင့် တံတားဦးမြို့နယ်တွင် အမှတ်(၂)ရပ်ကွက်မှ နေအိမ်(၁)လုံး ဟံသာဝတီ ကျေးရွာအုပ်မှနေအိမ်(၁)လုံး ၊ ဘလဲ့ဘကျေးရွာအုပ်စု နေအိမ်(၁)လုံး ၊ မီးသွေးတိုက် ကျေးရွာအုပ်စုမှ နေအိမ် (၂၇)လုံး ၊ ကန်ချောကျေးရွာအုပ်စုမှ နေအိမ်(၃၆)လုံး ၊ ဇီးပင်ကွေ့ကျေးရွာအုပ်စုမှ နေအိမ် (၁၀)လုံး ၊ ဝမ်းသာကုန်း ကျေးရွာအုပ်စုမှ နေအိမ်(၂၀)လုံး အမိုးလန်ပျက်စီးဆုံးရှုံးပြီး ၊ နေအိမ်(၇)လုံးမှ ပြိုကျပျက်စီး ဆုံးရှံးခဲ့ခြင်းတို့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိသူများ  ဌာနဆိုင်များ သွားရောက်ကြည့်ရှုစစ်ဆေးရာ လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုများကို ဌာနဆိုင်ရာများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ သက်ဆိုင်ရာရပ်ကွက် ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းရှင်းလင်းဖယ်ရှားပြီးဖြစ်ကြောင်း သိရသည်။

သတင်း - ဦးရဲတင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)