ဘုရားသုံးဆူမြို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးသူနာပြုစုခြင်း(အခြေခံ) သင်တန်း လက်တွေ့ လေ့ကျင့်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုရားသုံးဆူမြို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးသူနာပြုစုခြင်း(အခြေခံ) သင်တန်း လက်တွေ့ လေ့ကျင့်ပြသ



MNP - ဧပြီ   ၃၀

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ၊ ဘုရားသုံးဆူမြို့တွင် ရှေးဦးပြုစုခြင်း အခြေခံသင်တန်း အမှတ်စဉ် ၁/၂၀၂၂ ဖွင့်ပွဲ အခမ်းအနားအား အမှတ် ၃ ရပ်ကွက်ရှိ ပြည်ထောင်စု ခန်းမ၌ ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် စတင်ခဲ့သည်။

အဆိုပါအခမ်းအနားအား ဘုရားသုံးဆူ မြို့ကြက်ခြေနီအသင်းခွဲ(ငယ်)ဥက္ကဋ္ဌ ဒေါက်တာစိုးဝင်း၊ ဘုရားသုံးဆူမြို့ ကြက်ခြေနီအသင်းတပ်ဖွဲ့မှူး ဦးမြင့်နိုင်နှင့် တပ်ဖွဲ့ဝင်များ၊ သင်တန်းသားဦးရေ ၄၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

သင်တန်းမှာ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့ထိ ၄ ရက်တိုင်တိုင်သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

ပို့ချသည့် ဘာသာရပ်များမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှု၊ ရှေ့ဦးပြုစုခြင်း အခြေခံ သဘောတရားများ၊ လူနာဆန်းစစ်ခြင်းနှင့် ဦးစားပေးလူနာရွေးချယ်ခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့် သွေးယိုစီးခြင်း၊ အပူလောင်ခြင်း၊ ဆေးထည့်ခြင်းနှင့် ပတ်တီးစည်းခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း (SHOCK)၊ သတိလစ်ခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါများပိုးမွှားများတုတ်ခြင်း၊ ဆို့နင်ခြင်း၊ အခြေခံအသက်အထောက်အကူပြုနည်း(CPR)၊ အထွေထွေ အရေးပေါ် အခြေအနေများ၊ ကိုင်တွယ်ခြင်းနှင့် သယ်ဆောင်ခြင်း၊ မိုင်းအန္တရယ် အသိပညာပေးခြင်း၊ ဦးခေါင်းနှင့် ကျောရိုးတန်းမကြီးဒဏ်ရာ၊ တတ်မြောက်မှုအား ဆန်းစစ်ခြင်း၊ မိသားစုပြန်လည် ဆက်သွယ်ပေးခြင်း၊ အရိုးအဆစ် ကြွက်သားနှင့် ရိုးဆက်ကြောဒဏ်ရာစသည့် ရှေးဦးသူနာပြုဆိုင်ရာ သင်ကြားမှုများအား သက်ဆိုင်ရာ ဆရာအသီးသီးမှ စနစ်တကျ သင်ကြားပြသပေးလျက်ရှိကြောင်း သိရသည်။

သတင်း - အောင်သူဟိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)