ပေါင်းတည်မြို့နယ်၌ အခြေခံပညာအထက်တန်းအဆင့် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ် ဆက်လက်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်းတည်မြို့နယ်၌ အခြေခံပညာအထက်တန်းအဆင့် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ် ဆက်လက်ဖြေဆို



MNP -  ဧပြီ  ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ စာစစ်ဌာနတို့တွင် ဧပြီ ၆ ရက် နံနက်က ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုခဲ့ကြောင်းသိရသည်။

ပေါင်းတည်မြို့နယ်၌ စာစစ်ဌာန (၂)ခုရှိပြီး အ.ထ.က(ပေါင်းတည်) စာစစ်ဌာနတွင် စာရင်းရှိ ၂၀၈ ဦး၊ ဖြေဆိုသူ ၁၈၇ ဦးနှင့် ပျက်ကွက် ၂၁ ဦးရှိကြောင်း၊ အ.ထ.က(မြို့မ) စာစစ်ဌာနတွင် စာရင်းရှိ ၂၅၂ ဖြေဆိုသူ ၂၀၀ ဦးနှင့် ပျက်ကွက် ၅၂ ဦးရှိကြောင်း တစ်မြို့နယ်လုံးအနေဖြင့် စာရင်းရှိ ၄၆၀ ဦး၊ ဖြေဆိုသူ ၃၈၇ ဦးနှင့် ပျက်ကွက် ၇၃ ဦးရှိပြီး ၈၄ ဒသမ ၁၃ ရာခိုင်နှုန်းဝင်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သတင်း - အေးအေးဆင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)