ချင်းပြည်နယ်ဝန်ကြီးချုပ် စစ်ဗျူဟာ( အခြေချ) ဟားခါးတပ်နယ် အခြေခံပညာမူလတန်းလွန် ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အနွေးထည်များ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် စစ်ဗျူဟာ( အခြေချ) ဟားခါးတပ်နယ် အခြေခံပညာမူလတန်းလွန် ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အနွေးထည်များ ထောက်ပံ့ပေးအပ်



MNP -  ဧပြီ  ၂၄

ချင်းပြည်နယ်ဝန်ကြီးချုပ်မှ စစ်ဗျူဟာ (အခြေချ) ဟားခါးတပ်နယ်၊ အခြေခံပညာမူလတန်းလွန် ကျောင်း ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အနွေးထည် ထောက်ပံ့ပေး အပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက အဆိုပါကျောင်းရှေ့၌ ကျင်းပရာ ချင်းပြည် နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအား လာမည့် ဇွန်လတွင် ကျောင်း ပြန် လည်ဖွင့်လှစ်တော့မည်ဖြစ်၍ ယခုအချိန်၌ပင် စာများ ကြိုတင်ဖတ်ရှုလေ့လာရန်၊ ဆရာ၊ ဆရာမ များကလည်း ကျောင်းသား၊ ကျောင်းသူများအား ဝိုင်းဝန်း ကူညီသင်ကြားပေးရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားလပ်သည့်အချိန်များတွင် ဖုန်းနှင့် ဂိမ်းဆော့ခြင်းများကို မပြုလုပ်ဘဲ မိမိတတ်နိုင်သလောက် မိဘအလုပ် ဝိုင်းဝန်းကူညီရန် တိုက်တွန်းအားပေးစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ စစ်ဗျူဟာမှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၏ ဇနီး ဒေါ်သိန်းသိန်းမော်နှင့် နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးမင်းအုန်းတို့က ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အနွေးထည်များ ပေးအပ်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် စစ်ဗျူဟာ (အခြေချ) ဟားခါးမှ သင်္ကြန်ကာလအတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်သားများအား ဂုဏ်ပြုသည့်အနေဖြင့် ကျင်းပပြုလုပ်သည့် မိတ်ဆုံစားပွဲသို့ တက်ရောက်ရာ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းက နှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားကာ တပ်မိသားစုဝင်များ၏ ကပြဖြေ ဖျော်မှုကို ကြည့်ရှုအားပေး၍ ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)