အလုံမြို့နယ်၌ (၂၅)ကြိမ်မြောက်အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလုံမြို့နယ်၌ (၂၅)ကြိမ်မြောက်အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ



MNP - ဧပြီ   ၂၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် (၂၅)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်မှစတင်ကာ အလုံမြို့နယ်၊ ငုဝါလမ်းရှိ မဟာအောင်ဗောဓိဆုတောင်းပြည့်ဘုရားဝင်း၊  အေးချမ်းဖြိုးဓမ္မာရုံတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။

အဆိုပါပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို မဟာအောင်ဗောဓိဆုတောင်းပြည့်ဘုရား၏ ဂုဏ်ထူးဆောင်နာယက အလုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့်ဇနီးတို့အား အမှူးထား၍ မဟာအောင်ဗောဓိဆုတောင်းပြည့်ဘုရားဂေါပကအဖွဲ့မှ ဦးစီးကျင်းပပြုလုပ်ခြင်းဖြစ်သည်။

အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအား ဧပြီလ ၂၁ ရက်နေ့မှစတင်ကာ ဧပြီလ ၂၂ ရက်နေ့အထိ(၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း - တင်တင်ချို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)