မုံရွာမြို့၌ ၁၃၈၄ခုနှစ် (၂၀၂၂) ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲတော်ကြီး ကျင်းပပြုလုပ်နိုင်ရေးအတွက် အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့၌ ၁၃၈၄ခုနှစ် (၂၀၂၂) ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲတော်ကြီး ကျင်းပပြုလုပ်နိုင်ရေးအတွက် အစည်းအဝေးကျင်းပ



MNP - ဧပြီ   ၂၄

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရမှ ကြီးမှူးကျင်းပသည့် ၁၃၈၄ခုနှစ် (၂၀၂၂) ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲတော်ကြီး ကျင်းပပြုလုပ်နိုင်ရေးအတွက် အစည်း အဝေးကို ဧပြီ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီက မုံရွာမြို့ မြို့မ ရွှေဂူကျောင်းတိုက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးကို နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ကြပြီး မုံရွာမြို့ မြို့မရွှေဂူကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီး ဘဒ္ဒန္တမာနိတ ထံမှ ဩဝါဒမြွက်ကြားတော် မူကြပြီး အစည်းအဝေးသို့တက်ရောက်လာသော ဆရာတော်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ၊ စာမေးပွဲဆိုင်ရာကိစ္စရပ်များနှင့် လုံခြုံရေးကိစ္စရပ်များ၊ ယာဉ်အကြိုအပို့ကိစ္စရပ်များ၊ ဆွမ်းဆက်ကပ်မှု ကိစ္စရပ်များ၊ ကျန်းမာ‌ရေးကိစ္စ ရပ်များအပြင် ယခင်နှစ်စာမေးပွဲ အောင်မြင်တော်မူကြသည့် သံဃာတော်အရှင်မြတ်များအား အောင်ဆုဆက်ကပ်နိုင်ရေး ကိစ္စရပ်များကို ရှင်းလင်းလျှောက် ထားခဲ့ကြပြီး အထွေထွေကိစ္စရပ် များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို ၁၃၈၄ ခု၊ ကဆုန်လဆန်း (၁) ရက် (၃၀.၄.၂၀၂၂) ရက်နေ့မှ ကဆုန်လဆန်း (၁၀) ရက် (၉.၅.၂၀၂၂) ရက်နေ့အထိ လည်းကောင်း၊ ပါဠိပထမပြန် စာမေးပွဲ ကို ၁၃၈၄ ခု၊ ကဆုန်လဆန်း (၈) ရက် (၇.၅.၂၀၂၂) ရက်နေ့မှ ကဆုန်လဆန်း (၁၄) ရက် (၁၃.၅.၂၀၂၂) ရက်နေ့အထိလည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ စာမေးပွဲသို့ ဓမ္မာစရိယတန်း (၅၂၁) ပါး၊ ပထမကြီးတန်း (၁၇၇) ပါး၊ ပထမလတ်တန်း (၂၀၆) ပါး၊ ပထမငယ်တန်း (၂၃၉) ပါး၊ အခြေပြုမူလတန်း (၃၈၄) ပါး ဝင်ရောက်ဖြေဆိုရန် စာရင်းပေး သွင်းထားကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)