ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကလေးစာဖတ်ဝိုင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကလေးစာဖတ်ဝိုင်းဆောင်ရွက်



MNP -  ဧပြီ   ၂၅

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာပေကိုချစ်မြတ်နိုးသော ကလေးငယ်များနှင့်ပူးပေါင်း၍ ဇာတ်ညွှန်းဒီဇင်ဘာမွန်းမှ ရေးသားပြုစုသည့် ကလေးတို့အတွက် စကားပုံစာအုပ်ဖြင့် စာဖတ်ဝိုင်းကို  ယမန်နေ့ ညနေပိုင်း (၂)နာရီ က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က  မြန်မာစကားပုံများစာအုပ်မှ "ကျွဲပါးစောင်းတီး" စကားပုံမှ လောကမှာအကောင်းအဆိုးမသိတဲ့သူကိုတန်ဖိုးရှိတဲ့ စကားတွေနားဝင်အောင်ပြောပေမဲ့လည်း အကျိုးဖြစ်ထွန်းမှုမရှိပါဘူးစသည့် စကားပုံကိုလည်းကောင်း "ခလုတ်ထိမှအမိတ"စကားပုံတွင်လည်း ပျော်ရွှင်အောင်မြင်နေတဲ့အချိန်မှာမိမိ၏ ကျေးဇူးရှင်များကို မေ့လျော့နေတတ်ပြီး ဒုက္ခနဲ့ကြုံတွေ့ရတဲ့အချိန်မှ သတိရအားကိုးကြပါတယ် စသည့်စကားပုံ ပုံပြင်လေးကို စာဖတ်ဝိုင်းဆောင်ရွက် ပေးခဲ့ပါသည်။

သားသားမီးမီးတို့အနေဖြင့် အသိပညာဗဟုသုတရရှိစေရန် စာများလေ့လာဖတ်ရှုလိုကြောင်း စာဖတ်ရန်အတွက် မိမိတို့စာကြည့်တိုက်တွင် ကလေးများကြိုက်နှစ်သက်ဖွယ် စာအုပ်များစွာရှိကြောင်းစသဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ-နမ့်ဆန်ရုံးအနေဖြင့် အနာဂတ်သားကောင်းရတနာများဖြစ်သည့် ကလေးသူငယ်များအား စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာကြည့်တိုက်ကိုအသုံးချတတ်စေရန်ရည်ရွယ်၍ ကလေးစာဖတ်ဝိုင်းများ ၊ ပြိုင်ပွဲများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)