အလုံမြို့နယ်၌ ကိုဗစ-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်များသို့ ကွင်းဆင်းထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလုံမြို့နယ်၌ ကိုဗစ-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်များသို့ ကွင်းဆင်းထိုးနှံပေး

 


MNP - ဧပြီ   ၂၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးစီမံချက်အရ    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြေပြင်ကွင်းဆင်း ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉:၀၀)နာရီအချိန်က ဌာနာရပ်ကွက်၊ အလုံခန်းမတွင် အသက် (၁၈)နှစ် အထက် ပြည်သူ(၁၀)ဦး အား   Phrase-9 ပထမအကြိမ် (First Dose) ထိုးနှံခြင်းနှင့် (၉၉) ဦးတို့အား  ဒုတိယအကြိမ် Phrase-8    (Second Dose)   ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှ  ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

 ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက်  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း၍ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

 အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ   (၂၅၆၆၃)ဦး နှင့်  ဒုတိယအကြိမ် ထိုးနှံပြီးသူ  (၂၄၄၄၈) ဦးရှိပြီဖြစ်ပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို သတ်မှတ်ရက်များအလိုက် သက်ဆိုင်ရာရပ်ကွက်များသို့ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သတင်း ရရှိသည်။

သတင်း - တင်တင်ချို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)