ရခိုင်ပြည်နယ်ဝန်ကြီးချုပ် မောင်တောမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် မောင်တောမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်



MNP - ဧပြီ   ၃၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့သို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မောင်တောမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ရှေ့ဦးစွာ  ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်   ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်ကျေးရွာအုပ်စု၊ ကြံတိုင်းအောင် ကျေးရွာသို့ သွားရောက်ပြီး  ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ   ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် အဆိုပါကျေးရွာရှိ ဒေသခံပြည်သူများက ကျေးရွာအတွင်းလိုအပ်လျက်ရှိသော ကျောင်းသား/သူများ ပညာသင်ကြားနိုင်ရေး၊  ဘုန်းတော်ကြီးကျောင်း တည်ဆောက်ပေးနိုင်ရေးကိစ္စ၊ ရွာအတွင်းရှိ ရေကန်တွင်  သောက်သုံးရေ ကောင်းမွန်စွာ ရရှနိုင်ရေးအတွက် ရေကန်အား ဘောင်ဆည် ပေးစေလိုကြောင်း တင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောက်ပန္ဒူကျေးရွာရှိ  တိုက်ပွဲရှောင် မြိုတိုင်းရင်းသား ပြောင်းရွေ့ နေထိုင်လာကြသော အိမ်ထောင်စု ၅၄ စုအား  သွားရောက် တွေ့ဆုံရာ ကျေးရွာသူ/သားများက ရွာအတွင်း လိုအပ်လျက်ရှိသော ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းတည်ဘ ဆောက်ပေးစေလိုပါကြောင်း၊ ရေရရှိစေရေး အတွက် ယခင် အဝီစိ(၄)တွင်း တူးပြီး  ဆောင်ရွက်ခဲ့ရာ  ရေမလုံ လောက်သည့်အတွက် ထပ်၍လိုအပ်ပါကြောင်း တင်ပြကြရာ  ဝန်ကြီးချုပ်နှင့် တိုင်းမှူး  လိုအပ်ချက်များ ဖြည့်စည်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာ ပြည်နယ် ဦးစီးမှူးများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခြင်း၊ ပြောင်းရွေ့စရိတ်များပေးအပ်ခြင်းနှင့် နေအိမ်ဆောက်လုပ်နေမှု၊ အဝီစိတွင်းနက် တူးဖော်ဆောက်ရွက်နေမှု အခြေအနေ များအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်   အလယ်သံကျော် ကမ်းခြေသို့ သွားရောက်ကြည့်ရှုပြီး  ထိုမှတဆင့်  မောင်တော (ကညင် တန်း)- အလယ် သံ ကျော်-အငူမော်လမ်း ၁ မိုင် ၄ ဖာလုံ ကွန်ကရစ် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောက်ရွက်ပြီးစီးမှု  အခြေအနေများအား သွားရောက် စစ်ဆေးကြရာ လုပ်ငန်းခွင် ယာယီရှင်းလင်းဆောင်တွင် ခရိုင်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက လမ်းအဆင့်မြှင့် တင်ခြင်းလုပ်ငန်းပြီးစီးမှု အခြေအနေများအား  တင်ပြခဲ့ကြပြီး  ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် လှဖိုခေါင် ယာယီနေရာချထားရေး စခန်းသို့ သွားရောက်ခဲ့ကြရာ   စခန်းအတွင်းရှိ ရှင်းလင်း ဆောင်တွင် စခန်းတာဝန်ခံမှ  လှဖိုခေါင်ယာယီနေရာချထားရေးစခန်းရ ABH အလုံး ၁၀၀ တင်ဆင်နေမှု အခြေအနေ၊ တစ်ဘက်နိုင်ငံမှ နေရပ်စွန့်ခွာပြည်သူများ ပြန်လည်ဝင်ရောက်လာပါက  ဆောက်ရွက်ပေးမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး  ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက်ပေးကာ စခန်းအတွင်းရှိ ဌာနဆိုင်ရာများနှင့် တပ်ဖွဲ့ဝင် များအား  စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ကာ  စခန်းအတွင်း လှည့်လည်ကြည့်ရှု ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့သည် ခရေမြိုင် ကျေးရွာရှိ  အေးချမ်းအောင်မြင် ဓါတ်ပေါင်းစု ဆုတောင်းပြည့်စေတီအား ဖူးမျှော်ကြည်ညိုကာ ဆီမီးပန်းများ ကပ်လှူပူဇော်ပြီး ကျေးရွာရှိ ကျောင်းထိုင် ဆရာတော်ကြီး အား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ် လှူဒါန်း ခဲ့ကြကြောင်း သိရသည်။

သတင်း - သက်လွင်စိုး၊ အောင်ကျော်စိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)