မာန်အောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး အရှိန်အဟုန်တိုးမြှင့်လုပ်ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး အရှိန်အဟုန်တိုးမြှင့်လုပ်ဆောင်





MNP ၊ ဧပြီ ၂၂

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက်အရှိန်အဟုန်တိုးမြှင့်လုပ်ဆောင်လျက်ရှိရာ ကိုဗစ်-၁၉ ကာကွယ်ဆေး First Dose၊Second Dosesနှင့်Booster dose အကြိမ်များကိုယနေ့နံနက်၁၀ နာရီမှညနေ၃နာရီထိ မြို့နယ်ပြည်သူ့ဆေးရုံတွင်ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။

     

ထိုသို့ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကိုရာနှန်းပြည့်ထိုးနှံရာတွင် ဆေးမထိုးနှံသေး သူများမကျန်ရှိအောင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာစောမင်းကကြီးကြပ်၍ကျန်းမာရေးဝန်ထမ်းများကကောင်းသင်းကောက်စနစ်ဖြင့်ဆေးထိုးနှံသူများအားစာရင်းကောက်ယူခြင်း၊အပူချိန်တိုင်းတာခြင်း၊သွေးပေါင်ချိန်တိုင်းတာခြင်းများကိုစနစ်တကျဆောင်ရွက်ပြီး ပုံမှန်ကျန်းမာရေးခြေအနေ ရှိသူများကိုသာ ကာကွယ်ဆေးထိုးနှံပေးပြီးမိနစ်၃၀ခန့်စောင့်ကြည့်ထိုးနှံလျက်ရှိကြောင်းသိရသည်။


ယင်းသို့ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့ကPhase 9၊First Dose ထိုးနှံသူ၂၀ဦး၊Phase 8၊Second Dose ထိုးနှံသူ၁၃ဦး၊Booster Dose ထိုးနှံသူ၁၄၆ဦး၊စုစုပေါင်း၁၇၉ဦးရှိကြောင်းသိရသည်။


သတင်း - သိန်းဖေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)