ကျွန်းလှမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဆဌမနေ့ ကျောင်းသား၊ ကျောင်းသူ ၂၄၆ ဦးဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဆဌမနေ့ ကျောင်းသား၊ ကျောင်းသူ ၂၄၆ ဦးဖြေဆို

 


MNP - ဧပြီ   ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင်  ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဆဌမနေ့ ကျောင်းသား၊ ကျောင်းသူ ၂၄၆ ဦးဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန နှစ်ခု ဖွင့်လှစ်ထားကြောင်း၊ စာမေးပွဲဖြေဆိုရန် ဝင်ခွင့်လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူ ၂၇၂ ဦးဖြစ်ကြောင်း၊ ယနေ့ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာဖြေဆိုသူ ကျောင်းသား ၁၀၆ ဦး၊ ကျောင်းသူ ၁၄၀ ဦး၊ စုစုပေါင်း ၂၄၆ ဦးဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များကြီးကြပ်ပြီး၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍  လုံခြုံရေးဆောင်ရွက်ပေးကြောင်း သိရသည်။

သတင်း - မျိုးဝင်းညို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)