ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ မြို့ရွာသန့်ရှင်းသာယာလှပရေး သန့်ရှင်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ မြို့ရွာသန့်ရှင်းသာယာလှပရေး သန့်ရှင်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု





MNP - ဧပြီ   ၂၈

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ယမန်နေ့နံနက်(၉)နာရီက သီရီမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားပန်းခြံနှင့် သီရီမင်္ဂလာလမ်းတို့တွင် မြို့ရွာသန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေး လှုပ်ရှားဆောင်ရွက်ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိသီရီမင်္ဂလာ ရွှေချမ်းသာ မွေတော်ဘုရားအားဖူးမျှော်၍ ပန်း၊ ရေချမ်းဆီမီးပူဇော်ကြပြီး ဘုရားအတွက် အလှူငွေကျပ်(၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့က လှူဒါန်းပေးအပ်ရာ ဘုရားဂေါပကတာဝန်ရှိသူများမှလက်ခံရယူ၍ ဘုရားပုရိဝုဏ်အတွင်း ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ဒေသခံပြည်သူများတို့က ဘုရားစေတီပုထိုးများနှင့် ကြွေကြမ်းခင်းများ သီရီမင်္ဂလာကတ္တရာလမ်းများ ရေဖြင့် သန့်ရှင်းဆေးကြောနေမှုနှင့် ရေနုတ်မြောင်း အမှိုက်သရိုက်များ သန့်ရှင်းရေးဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တိုင်းမှူးဗိုလ်ချုပ် နီလင်းအောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုကြပြီး ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်စည်ပင်ရုံး၊ မိုးကုတ်ရိပ်သာဘုန်းကြီးကျောင်းနှင့် ဟိုပုံးမြို့တောင် ရပ်ကွက်တွင် နေထိုင်သည့် ဦးကျော်သောင်းအိမ်ရှိ ရေကန်များတို့တွင် သွေးလွန်တုတ်ကွေးမဖြစ်ပွားစေရန် မြို့နယ်ကျန်းမာရေးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မိခင်ကလေးနှင့်စောင်ရှောက်ရေးအသင်းအဖွဲ့များမှ ရေကန်အတွင်း ပိုးလောက်လန်းများသေစေရန် အဘိတ်ဆေး(၃)လ အာနိသင်ရှိဆေးများ ခပ်ထည့်ပေးနေမှုကို ပြည်နယ်ဝန်ကြီးချုပ်တိုင်းမှူးပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုကြပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါမြို့၊ ရွာသန့်ရှင်သာယာလှပရေးနှင့် သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေး လှုပ်ရှားဆောင်ရွက်ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း - မောင်မောင်သန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)