ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး



MNP -  ဧပြီ    ၂၂

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နဝမအသုတ် ပထမအကြိမ် ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နဝမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးရာ ယမန် နေ့နံနက် ၉ နာရီမှစ၍ မြို့မဇုံမှ (၂၁)ဦး၊ မြို့သာဇုံမှ (၁၃)ဦး၊ ငါန်းမြာဇုံမှ (၁၄)ဦး ၊ ခြင်္သေ့လက်ဇုံမှ (၂၄)ဦး၊ ရေလည်သောင်ဇုံမှ (၅၂၈)ဦးနှင့် ကုလားရွာဇုံမှ (၅၀၀)ဦး၊ စုစုပေါင်း (၁၁၀၀)ဦး  ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ မတ် ၂၉ ရက်နေ့မှ ဧပြီ ၂၁ရက်နေ့အထိ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ နဝမအသုတ် ပထမအကြိမ် (၁၅၉၈၅)ဦး ထိုးနှံပြီးကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။       

သတင်း - သက်နောင်ဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)