ဒေးဒရဲမြို့၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ ကြဲပက်စိုက်ပျိုးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ ကြဲပက်စိုက်ပျိုးပွဲ ကျင်းပ



MNP  -  ဧပြီ   ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ သဘာဝပတ်ဝန်းကျင်မပျက် ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ် ဖြစ်ထွန်းလာစေရန်၊ မြေဆီလွှာပြုပြင် ထိန်းသိမ်းသည့် နည်းလမ်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်စိုက်ပျိုးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၈)နာရီခွဲက ဆင့်ကူးကျေးရွာအုပ်စု၊ ဆင့်ကူးကျေးရွာရှိကွင်းအမှတ် (၂၄၇)၊ ဦးပိုင်အမှတ် (၆/၃)ရှိ တောင်သူ ဦးဉာဏ်မြင့်၏ လယ်မြေဧက(၂၀)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်လေ့လာကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာ မျိုးစေ့များကို တစ်ဧကလျှင် လေးပြည်နှုန်း ကြဲပက်စိုက်ပျိုးခြင့်ဖြင့် တစ်ဧကလျှင် ယူရီးယားမြေသြဇာ အိတ်ဝက်နှုန်းရရှိနိုင်ခြင်း၊ အပင်ပိုင်းကြီးပွားမှု ပြီးဆုံးချိန်တွင် ထယ်ထိုးမြေမြှုပ် ဆောင်ရွက်ခြင်းဖြင့် သစ်စိမ်းမြေသြဇာ တစ်ဧကလျှင် (၅)တန်၊ ပိဿာ (၃၀၀၀)ကျော် ရှိနိုင်ခြင်း၊ သစ်စိမ်းမြေသြဇာ အသုံးပြုခြင်းဖြင့် မြေဆီလွှာအတွင်း ကာဗွန်သိုလှောင်မှု မြင့်မားလာခြင်း၊ မြေတွင်းအစိုဓာတ် ထိန်းသိမ်းမှု ကောင်းမွန်စေခြင်း၊ လေဝင်လေထွက် ကောင်းမွန်လာစေခြင်း စသည့် မြေဆီလွှာရုပ် ဂုဏ်သတ္တိများ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာစေပြီး၊ အမြစ်တွင် တွယ်ကပ်ဖျက်စီးတက်သော မြစ်ဖုနီမတုတ်များအား နှိမ်နှင်းနိုင်ခြင်းများကြောင့် တောင်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းဖြစ်ပါကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမျိုးကျော်ကျော် ဦးဆောင်၍ ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများက သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) မျိုးစေ့များကို စုပေါင်း၍ တပျော်တပါး ကြဲပက်စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

သတင်း - အေဇာလင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)