ပေါင်းတည်မြို့နယ်တွင် ရာနှုန်းပြည့်ကာကွယ်ဆေးထိုးနှံနိုင်ရေး မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ် ၄ နေရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်းတည်မြို့နယ်တွင် ရာနှုန်းပြည့်ကာကွယ်ဆေးထိုးနှံနိုင်ရေး မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ် ၄ နေရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး



MNP - ဧပြီ  ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၁၈နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ ကာကွယ်ဆေးထိုးပြီးမပြီး စစ်ဆေးရေးအဖွဲ့ ၄ ဖွဲ့ဖြင့် ယမန်နေ့ နံနက်ပိုင်းက မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေး ထိုးပြီး/မပြီး စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ရာ ယမန်နေ့က မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်များဖြစ်သည့် သပြေကုန်း စစ်ဆေးရေးဂိတ်တွင်(၃၃)ဦး၊ မှတ်တိုင်မှ ပေါင်းတည် အဝင်ဂိတ်တွင်(၃၃)ဦး၊ ပြည်ပေါင်းတည်ဂိတ်တွင်(၂၂)ဦးနှင့် သဖန်းကုန်းမှ ပေါင်းတည်အဝင်ဂိတ်တွင်(၃၃)ဦး ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသော အကြောင်းအမျိုးမျိုးကြောင့် ခရီးသွားလာကြသည့် ပြည်သူ စုစုပေါင်း(၁၂၁)ဦးကို ပထမအကြိမ် Sinovac အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သတင်း - အေးအေးဆင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)