တံတားဦးမြို့နယ်မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ၏ ရင်တွင်းစကားသံများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ၏ ရင်တွင်းစကားသံများ



MNP - ဧပြီ   ၃၀

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံ အချို့ကို ယခုလိုဘဲ တွေ့ဆုံမေးမြန်းခဲ့ပါတယ် -

ကျွန်တော့်အမည်က  ဦးဖိုးသန်း ဖြစ်ပါတယ်၊ အမှတ်(၃)ရပ်ကွက် တဲတော်ရာရပ်မှာ နေထိုင်ပါတယ်၊ အသက်ကတော့ (၆၆)နှစ်ရှိပါပြီး၊ သမဝါယမဦးစီးဌာနက အငြိမ်းစားဝန်ထမ်းဖြစ်ပါတယ်၊ လက်ရှိအလုပ် အကိုင်ကတော့ အရောင်းအဝယ် ပေါ့ ။

ကာကွယ်ဆေးတွေ ထိုးနှံပေးတုန်းက မထိုးရဲလို့ မထိုးခဲ့ပါဘူး၊ နောက်ပိုင်း ရောဂါကူးစက်မှုတွေ အရမ်းများလာပြီး သေဆုံးသူတွေရှိလာတဲ့အတွက်ကြောင့် ကျွန်တော်ကြောက်လာမိတယ်၊ ပြီးတော့ ကျွန်တော်က အရောင်းအဝယ်လုပ်တာ လူအများနဲ့ ထိတွေ့ဆက်ဆံရတာများတဲ့အတွက် ကာကွယ်ဆေး ထိုးနှံပြီး ရောဂါကာကွယ်မှ ဖြစ်မယ်ဆိုတဲ့အတွေးနဲ့ ယနေ့လာရောက်ထိုးနှံမှု ခံယူတာဖြစ်ပါတယ်၊ ကာကကွယ်ဆေး ထိုးနှံပေးတာ လက်မောင်းတော့ နည်းနည်းအောင့်တာ လောက်ပါပဲ ကျန်တာ ထွေထွေထူးထူး မခံစားရပါဘူး၊ ကာကွယ်ဆေးထိုးနှံပေးတဲ့ ကျန်းမာရေး ဝန်ထမ်းတွေက ဆေးထိုးပြီးရင် နေထိုင် စားသောက်ရမယ့် အကြောင်းတွေကို ရှင်းပြပေးပါတယ်၊ ပြီးတော့ ပါရာတီတမော့လ် ဆေးလည်းပေးပါတယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးထိုးခြင်းကို အရေးကြီးဆုံး ပြောလို့ရမယ်အရာဖြစ်တဲ့အတွက် ကာကွယ်ဆေးထိုးခြင်းကို ကျွန်တော်တို့ အရောင်းအဝယ် လုပ်သူနေတွေသာမက ပြည်သူများ  အားလုံးက လိုက်နာဆောင်ရွက်ကြဖို့လည်း လိုပါတယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်အောင် ကူညီဆောင်ရွက်ပေးတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်၊ ကာကွယ်ဆေးမထိုးနှံရသေးတဲ့ များရှိရင်လည်း မဖြစ်မနေ လာရောက် ထိုးနှံကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။

အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက် လေးလေးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။

တွေ့ဆုံမေးမြန်းသူ - ဘိုမောင်

မှတ်တမ်းတင်သူ -  ဦးရဲတင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)