မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်



MNP - ဧပြီ   ၂၈

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ပခုက္ကူမြို့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည့် ဆီထွက် သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကား ‌ပြောကြားသည်။

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေး နှစ်အတွင်း ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်‌ ဆောင်ရွက်ရမည့် လုပ်ငန်းအ‌ခြေအနေများအကြောင်း ရှင်းလင်းပြောကြားပြီး အကောင်အထည်ဖော် စိုက်ပျိုးရာတွင် လိုအပ်မည့် ဆီထွက်သီးနှံများ၊ စိုက်ပျိုးရေးနည်းပညာများနှင့် စိုက်ပျိုးနိုင်သည့်မြေနေရာ အခြေအနေများကို မေးမြန်းသည်။

ဆက်လက်၍ ပခုက္ကူခရိုင်နှင့် ခရိုင်အတွင်း ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူမြို့နယ်များရှိ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မိမိတို့မြို့နယ်အလိုက် ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည့် အခြေအနေများ၊ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်၊ စိုက်ပျိုး ထုတ်လုပ်ရန်လျာထားဧက၊ စိုက်ပျိုးမည့် ဆီထွက်သီးနှံအမျိုးအမည်များ၊ ရာသီအလိုက်ယာမြေ၊ ကျွန်းစိုက်ပျိုး‌မြေအခြေအနေ၊ လျှပ်စစ်မြစ်ရေတင်နှင့် မြေအောက်ရရရှိမှု အခြေအနေ၊ စိုက်ပျိုးလုပ်ကိုင်မည့် တောင်သူအခြေအနေတို့ကို အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဝန်ကြီးက မြို့နယ်အလိုက် ရှင်းလင်းတင်ပြမှုများအပေါ် ပြန်လည်ဖြေကြားပြီး ပြည်ပ ဆီသွင်းကုန်လျော့ချရေး၊ ပြည်တွင်းဆီထုတ်လုပ်သုံးစွဲမှု တိုးမြှင့်‌ရေးတို့ အတွက် ဆီထွက်သီးနှံကဏ္ဍ စိုက်ပျိုးမှုဖွံ့ဖြိုးတိုးတက်စေရန် အလေးထားစိုက်ပျိုးကြရေး လမ်းညွှန်မှာကြားကာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှထောက်ပံ့သော နေကြာမျိုးစေ့များအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးများထံ ပေးအပ်သည်။

သတင်း - ဆလိုင်းကိုကီး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)