နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေး




MNP ၊ ဧပြီ ၆

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) အ.လ.က(၃)စာစစ်ဌာနနှင့် အမှတ်(၂၂) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၊  ပုဗ္ဗသီရိမြို့နယ် အောင်သုခ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၊ ဇေယျာသီရိမြို့နယ် ကျောက်ချက် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများ၌ ၂၀၂၁-၂၀၂၂ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များ ဆက်လက်ဖြေဆိုနေမှုများကို သွားရောက်၍ လှည့်လည်ကြည့်ရှုအားပေးသည်။

အဆိုပါစာစစ်ဌာနများသို့ လှည့်လည်ကြည့်ရှုအားပေးရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများက စာစစ်ဌာနများအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်လင်းတင်ပြကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက ၂၀၂၁-၂၀၂၂ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ စာစစ်ဌာနစုစုပေါင်း(၅၂)ခုတွင် ဇီဝဗေဒဘာသာရပ် စာမေးပွဲဖြေဆိုရန် စုစုပေါင်း(၄၂၁၈)ဦးစာရင်းပေးသွင်းကြပြီး ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၉၈၉)ဦး၊ ရာခိုင်နှုန်းအားဖြင့် ၉၄ ဒသမ ၅၇ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကာ ဘောဂဗေဒဘာသာရပ် စာမေးပွဲဖြေဆိုရန် စုစုပေါင်း(၁၃၀၀၂)ဦး စာရင်းပေးသွင်းကြပြီး ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၂၀၇၂)ဦး၊ ရာခိုင်နှုန်းအားဖြင့် ၉၂ ဒသမ ၈၅ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။


သတင်း - ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)