မင်ဘူးမြို့နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်ဘူးမြို့နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ




MNP - ဧပြီ    ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် စီမံကိန်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်က နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို စီမံကိန်းရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းမှာ ကျပ်ဘီလီယံ ၂၈၆.ဝသန်း ဖြစ်၍ တိုးတက်မှုမှာ ၄.၄ ရာခိုင်နှုန်း ရရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ လုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်‌ဖော် ဆောင်ရွက်နိုင်ဖို့အတွက် ဌာနဆိုင်ရာအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊  ထိုသို့ ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် ဌာနများမှ ဆောင်ရွက်ရမည့်ကိစ္စ၊ တိုင်ဒေသကြီး အစိုးရအဖွဲ့မှ ဆောင်ရွက်ရမည့်ကိစ္စ၊ ပြည်ထောင်စု အစိုးရမှ ကူညီဆောင်ရွက်ရမည့် ကိစ္စဟူ၍ ကဏ္ဍများ ခွဲခြား၍ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်လည်း ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားရေးတို့ကို ပြောကြားခဲ့သည်။

ဆက်လက်၍ မြိုနယ်စီမံကိန်း ဦးစီးဌာနမှ လ/ထညွှန်ကြားရေးမှူး ဒေါ်အေမီထွန်းက မင်းဘူးမြို့နယ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာလမှ မတ်လအထိ ၆ လ၊ တာကာလ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအပေါ်  အကောင်အထည်ဖော်နိုင်မှု အခြေအနေနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ နှစ်စဉ် ဒေသန္တရစီမံကိန်း ဧပြီလမှ မတ်လအထိ ရည်မှန်းချက်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်၊ အဖွဲ့ဝင် ဗိုလ်မှူးဝင်းဇင်မိုးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ဌာနများမှ ဦးစီးမှူးများထံ မင်းဘူးမြို့နယ်၏  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စီမံကိန်း ရည်မှန်းချက် တာဝန်များကို အသီးသီး လွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - ဇေယျာထက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)