မြောက်ဦးမြို့ ယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေးအတွက် ပြည်သူလူထုများအား အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့ ယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေးအတွက် ပြည်သူလူထုများအား အသိပညာပေးဟောပြော



MNP - ဧပြီ   ၅

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်နိုင်ရေးအတွက် ပြည်သူလူထု များအား အသိပညာပေး ဟောပြောပွဲကို အောင်တပ်အုပ်စု၊ ဒိုင်းကျီရပ်ကွက်ရှိ စာသင်ကျောင်း၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အသိပညာပေး ဟောပြောပွဲသို့ တက်ရောက်လာကြသော ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မြောက်ဦးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်ဆန်းဝင်း၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦးဌာနခွဲမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများတို့ တက်ရောက်ကြသည်။

ထို့နောက်ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦးဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမောင်ဆန်းဝင်းမှ ယဉ်ကျေးမှုအမွေအနှစ်ကို(၂)မျိုး ပိုင်းခြားထားရှိပါကြောင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များအတွက် သတ်မှတ်ထားသည့် စံနှုန်းများအကြောင်းကို ရှင်းလင်း ပြောကြားခြင်းနှင့် ရှေ့ဟောင်းယဉ်ကျေးမှု အမွေအနှစ်များအား တန်ဖိုးထားတတ်ကြစေရန်တို့ကို ပြည်သူ လူထုများအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မြောက်ဦးဌာနခွဲမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်မှလည်း မြောက်ဦးမြို့၏ ခမ်းနားထည်ဝါမှုကို လူတိုင်းအံ့ဩဖွယ်ဖြစ်ရကြောင်းနှင့် ဒိုင်းကျီရေကန်ကြီးအား သန့်ရှင်းသာယာလှပအောင် ထိန်းသိမ်းဆောင်ရွက်ထားမှုကို ရေအရင်းအမြစ် ပညာရှင် Mr. MissimoSarti မှ ချီးကျူးကြောင်းနှင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသ ဖြစ်လာပြီး နောက်တွင် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - မြင့်စိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)